Latest News

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရန် တောင်းဆိုခြင်း ပြည်ထောင်စု ၀န်ကြီး ငြင်းပယ်

By Unknown-Tuesday, July 31, 2012

ရခိုင်ပြည်နယ် တွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်း စစ်ဆေး မှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော် အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

0 comments for "ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရန် တောင်းဆိုခြင်း ပြည်ထောင်စု ၀န်ကြီး ငြင်းပယ်"

Leave a Reply

Advertisement