Latest News

ဂရိနိုင်ငံသည် ကြွေးမြီများစွာ တင်၍ ရေစုံ မျောနေရ သည့် အခြေအနေကို ရင်ဆိုင် နေရ သောကြောင့်
နိုင်ငံတကာ ခြိုးခြံချွေတာရေး ကြီးကြပ်သူ များက အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အပြင်းအ ထန် ပြုပြင်ပြောင်းလဲမှု အသစ် တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂရိဝန်ကြီးချုပ် ကို အလေးအနက် တိုက်တွန်း ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်လကျော် လောက်တွင်မှ အာဏာရ လာခဲ့သူ ကွန်ဆာဗေးတစ်ပါတီဦးဆောင် သည့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အန်တိုနီစ်ဆမာရာ့စ် (Antonis Samaras) သည် ၄င်း ၏ အရှေ့မှ ပုဂ္ဂိုလ်များ၏ ခြိုးခြံ ချွေတာရေးလုပ်ငန်းများအတွက် စွဲမြဲလုပ်ဆောင်ရန်နှင့် လျှော့ချမှုများ ပြုလုပ်ရန်အတွက် နယ်ပယ်အသစ်များကိုလည်း ရှာဖွေရန် အပြင်း အထန် ဖိအားပေးခံနေရသည်။

သုံးပွင့်ဆိုင်ဟုလူသိများ သော ဥရောပသမဂ္ဂ၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ဥရောပဗဟိုဘဏ် တို့မှ အရာရှိများသည် ယခုသီတင်း ပတ်တွင် ဂရိနိုင်ငံ၏ ခြိုးခြံချွေတာ ရေးအစီအစဉ်သစ်တစ်ရပ်ကို အစ ပြုနေပြီဖြစ်သည်။

စက်တင်ဘာလ တွင် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာပါက အေသင်မြို့သည် အရေးကြီး သည့် ကြွေးမြီပြေ လည် ရေးအတွက် ငွေကြေးရယူနေခြင်း ကို ရပ်တန့်ရမည်ဖြစ်ပြီး ဝရုန်း သုန်းကား ဒေဝါလီ ခံရဖွယ်ရှိကာ ယူရိုမှလည်း ထွက်ပေးရမည်ဖြစ် သည်။ အဆိုပါ အကြွေးလည်ပင်းနစ် နေသော ဂရိနိုင်ငံသည် ၂၀၁၀ ပြည့်
နှစ် မေလမှစ၍ နိုင်ငံတကာကယ် တင်စောင့်ရှောက်မှုများအပေါ်တွင် အသက်ရှင်ရပ်တည်လျက်ရှိခဲ့သည် ဟု ဆိုသည်။

ဂရိနိုင်ငံသည် ၂၀ဝ၉ ခုနှစ် တွင် ၁၅ ဒသမ ၈ ရာခိုင်နှုန်းမှ လွန် ခဲ့သည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင် နှုန်းအထိ ဘတ်ဂျက်လိုငွေ ပြမှုကိုအံ့ဩလောက်အောင် လျှော့ချနိုင်ခဲ့ သည်။ 

ဆဗာရာ့စ်၏ အစိုးရအဖွဲ့ သည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တွင် အသုံးစရိတ်လျှော့ချရေးနှင့် အခွန်မြှင့် တင်ရေးဆောင်ရွက်ချက်များဆိုင်ရာ ကမ်းလှမ်းချက်ကို ယူရိုငွေ ၁၄ ဒသမ ၅ ဘီလီယံ အတွက် မြီရှင်များထံမှ ထောက်ခံ အတည်ပြုချက်ရမည်ဖြစ်သည်။

 အသေးစိတ်များကိုအများပြည်သူ သိအောင် မထုတ်ဖော်သေးသော်လည်း စုဆောင်းငွေများစွာကို ပင် စင်ငွေများနှင့် အမြတ်အစွန်းငွေများ ဖြင့် အသစ်လျှော့ချထားမှုမှ ရရှိရန် မျှော်လင့်ထားသည်ဟု သိရသည်။
ရန်ကုန် အိမ်ခြံမြေ အခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြောင်းလဲ ပေးဆောင် ရမည့် နှုန်းထား သစ်သည် ၀ယ်ယူသည့် ငွေအပေါ် ၀င်ငွေရ လမ်းမတင် ပြနိုင် ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး တံဆိပ်ခေါင်း ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့
နေပြည်တော် ဖြစ်ပါက ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြစ်ပါက ၅ ရာခိုင်နှုန်းစုစုပေါင်း၃၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ အခွန်နှုန်းထားသစ်သည် ယခု ဘဏ္ဍာနှစ် မှစတင်တဲ့ ၀င်ငွေခွန် စနစ်သစ် အရ စည်းကြပ် ကောက်ခံတဲ့ နှုန်းထား ဖြစ်ကြောင်းနေပြည်တော်အခွန်ဦးစီးဌာနမှ မှသိရှိ ရသည်။ 

ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့သော အိမ်ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့်ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်ထက်၂ ဆဖြစ်နေသော ရန်ကုန် ဧည့်အိမ်ခြံမြေ ပူပေါင်း၏ နိဂုံးဟု လည်း ဈေးကွက် လေ့လာသူ များကပြောဆိုကြသည်။

၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို ပေးဆောင်ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှ စ၍ ကျပ်သန်း ၅၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅ဝဝဝ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာခဲ့သည်။

 အဆိုပါ ဥပဒေကြောင့် တရားမဝင် ငွေမည်းမှ တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲ လိုသူများ အိမ်ခြံမြေလောကအတွင်း ဝင်ရောက်လာခဲ့ရာ ဤလောကအတွင်း တန်ဖိုးကြီး အိမ်ခြံမြေများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။

 ရန်ကုန်၏ မြို့တွင်း ၆ မြို့နယ် တွင် ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ်များသည် ဝယ်လိုအား ကောင်း သကဲ့သို့၊ ဈေးနှုန်းများ မြင့်တက်မှု စံချိန်တင်နေသည့်မြို့နယ်များဖြစ်ပြီး၊ လမ်းမတလျှောက် ရှိသည့် မြေညီ ထပ်များသည် အထူးသဖြင့်ဈေးဆိုင်များကြောင့် ငွေပုံပေးသော်လည်း ဝယ်မရနိုင်ဖြစ်နေခဲ့သည့် မြေညီထပ် အခန်း အများစု၏ ဈေးနှုန်းသည် လွန်ခဲ့သည့် ၅ နှစ်တာနှင့် ယှဉ်ကြည့်ပါက ၅ ဆကျော် မြင့်တက် လာခဲ့ကာပေ ၃ဝ၊ ပေ ၆ဝ အခန်းတခန်းလျှင် သိန်း ၂၅ဝဝ မှ သိန်း ၄ဝဝဝ နီးပါး ရှိလာခဲ့သည်။ 

ယင်းကဲ့သို့ အိမ်ခြံမြေ အခွန် ကောက်ခံမှုနှုန်းကို ပြင်ဆင်လိုက်ခြင်းကြောင့် ယခု ရက်ပိုင်း အိမ်ဝယ်ယူထား သူအချို့သည် စာချုပ်များ ကို တန်ဖိုးလျှော့ချ ကာ ပြန်လည်ပြင်ဆင် ချုပ်ဆိုလျက်ရှိသည်။
ဒီသီတင်း တစ်ပတ် ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်း တင်ပို့မှုပျောက်ခဲ့ပါတယ်။

 ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ် ပါတယ်။ 

ဇူလိုင်လအတွင်း မန်ကျည်းတင်ပို့မှု စုစု ပေါင်း တန်ချိန်က ၄၅၅ တန်ရှိခဲ့ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့မန်ကျည်းတန်ချိန် က ၇၄၈ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ မန်ကျည်းအပို့သာခဲ့ပါတယ်။ 

ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လရဲ့ မန်ကျည်းတင်ပို့မှုကိုကြည့်ရင် တန်ချိန် ၁၂၇ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လ မန်ကျည်းတင်ပို့မှုက ယခင်နှစ်ဇူလိုင်လရဲ့ မကျည်းတင်ပို့မှုတန်ချိန်ထက် တန်ချိန် ခြောက်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
တရုတ် နိုင်ငံမှာ ယခုနှစ် သြဂုတ်လ ၂ ရက်အထိ ချင်းပျမ်းမျှ ဈေးက ယခင် နှစ်ထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ကြီးမားစွာ ကျဆင်းကြောင်း သိရပါတယ်။ 

Guangming ဟင်းသီးဟင်းရွက် လက်ကားဈေးမှာ ချင်းဈေးက ၁၀ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်က တစ်ကီလိုယွမ် ၁ ဒသမ ၄ (ကန်ဒေါ်လာ သုည ဒသမ ၂၂) ဈေး ရှိခဲ့ပါတယ်။ 

အဲဒီဒေသလက်လီဈေးမှာ ယွမ် ၂ ဒသမ ၆ (ကန်ဒေါ်လာ သုည ဒသမ ၄) ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ တစ်ဆင့် ပြည်ပသို့ တင်ပို့မှု လျော့ကျ လာခဲ့ သဖြင့် ဆန်ကြမ်း တစ်အိတ် လျှင် ကျပ် ၁၀ဝ၀ ခန့်ကျဆင်းလာကြောင်း ဝါးတန်း ဆိပ်ကမ်း အခြေစိုက် ဆန်စပါး ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။ 

“အခုမြဝတီကိုမသွားပြန်ဘူး။ အရင်က သွားထားတဲ့ ပမာဏက များသွားလို့နေမှာ။ အခုဆို ဆန်ကွဲပဲ ဝယ်တော့တယ်။ ဆန်ကွဲဈေးကတော့ မကျဘူး”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့်လက မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ဆန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် စတင်ထွက်ပေါ် စကတည်းက ဈေးနိမ့်နေခဲ့သော ဆန်ကြမ်းဈေးများမြင့်တက်လာခဲ့ပြီး ဆန်ကွဲဈေးနှင့် စပါးဈေးများပါ လိုက်လံမြင့်တက်ခဲ့ကြောင်း၊ ယခုမြဝတီမြို့မှဆန်ဝယ်ယူမှုရပ်တန့်သွားသဖြင့် ဆန်နှင့်စပါးဈေးများ ကျဆင်း လာခဲ့ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

“အကြမ်းရှယ်ကကျပ်၁၅၀ဝ၀ ဖြစ်တုန်းက စပါးဈေးက ၄ သိန်း ဖြစ်သွားတယ်။ ဆန်ကွဲဈေးကလည်း မြင့်သွားလို့ ဆန်အပြင် ဆန်ကွဲဈေးပါတက်တော့ စပါးဈေးပါ လိုက်တက်တာ”ဟု ၄င်းက ဆိုသည်။ ယခုလက်ရှိ တရုတ်နိုင်ငံသို့ မြန်မာပြည်အောက်ပိုင်းမှ ရာကျော်ငစိန်များနှင့် မြန်မာပြည်အလယ်ပိုင်း မှ ၇၄၇ ဆန်များတင်ပို့နေရပြီး မြဝတီလမ်းမှ ဆန်တင်ပို့မှု ဆက်လက်ရပ်တန့်နေပါက ဆန်ဈေးနှုန်းများ မြင့်တက်မလာနိုင်သေးကြောင်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆန်ကြမ်းဈေးနှုန်းများသာ လှုပ်ခတ်မှုရှိနေသော်လည်း ဆန်အချောများဈေးနှုန်းငြိမ်နေသည်မှာ နှစ်လခန့် ရှိပြီဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများပြားလာသဖြင့် ရန်ကုန်မြို့တွင် လက်လီရောင်းချသူများမှာ ဆန်အသား(ဆန်မှို)တက်မည်ကို စိုးရိမ်သောကြောင့် လို သလောက်သာ အနည်းငယ်စီဝယ်ယူကြပြီး အရောင်းပါးနေသဖြင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်းရှိ ပိတောက်လမ်းမှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။ 

“မိုးတွင်းအစိုဓာတ်များတော့ လက်လီဆိုင်တွေက အများကြီးမဝယ်တော့ဘူး။ လိုသလောက်ပဲ ဝယ်ကြ တယ်။ ဒိုင်မှာက လိုချင်တဲ့အချိန် ဝယ်လို့ရတယ်”ဟု၎င်းကဆိုသည်။

ယခုလက်ရှိ အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အရန်ဆန်ထုတ်ရောင်းမှုကို ရပ်တန့် လိုက်သဖြင့် အာဖရိကဈေးကွက် ပြန်လည်ရရှိလာပြီး ပြည်ပသို့တင်ပို့မှုမြင့်တက်လာပါက ပြည်တွင်း ဆန် ဈေးကွက် အလားအလာကောင်းလာနိုင်ကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ ဆန်အရောင်းအဝယ်လုပ်ကိုင်သူ များက သုံးသပ်ပြောကြားသည်။
Myanmar Egress အဖွဲ့သည် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန် တည်ဆောက်ရန် အဖြေရှာလိုပါက ၄င်းတို့ အနေနှင့် အစိုးရ ပေါ်လစီကို အကောင်အ ထည် ဖေါ်သော NGO အဖြစ်မှ ရပ်ဆိုင်းရန် လိုအပ်သည် ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ခွန်ဥက္ကာက ဆိုပါသည်။

“မြန်မာ အီးဂရက်က ရှင်းရှင်းပြောရရင် အစိုးရဘက်ကို လိုက်နေတဲ့ NGO ပေါ့ သူတို့က အစိုးရရဲ့ ပေါ်လစီမူ ၀ါဒကို ဖြန့်ပေး နေတဲ့ အန်ဂျီအိုပေါ့ အဲလိုဖြန့်ချီပေးတဲ့နေရာမှာလဲ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ပါဝင်လာခဲ့လို့ ဒီလိုပွဲမျိုးကို ကျင်းပခဲ့တာပေါ့။ ပြီးတော့တချို့နေရာတွေမှာ အကျိုးအမြတ်တွေတောင် သူတို့ ရရှိလာပါတယ်” ဟုဆိုပါသည်။

အကျိုးမြတ် ဆိုသည်မှာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်များ ရလာခြင်း၊ ငွေရေးကြေးရေးအရ သုံးစွဲနိုင်ခြင်း၊ အီးဂရက်ဌာန ချုပ် သည် တက္ကသိုလ်တစ်ခုသဖွယ် ပညာပေးရေး ဌာနတစ်ခု အဖြစ် တည်ဆောက်နိုင်ခဲ့သည့် အကျိုးအမြတ်ကို ဆိုလို ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

Myanmar Egress အဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား စစ်မှန်သည့် ငြိမ်းချမ်း ရေး အမြန်ဆုံး တည်ဆောက်နိုင်ရန် အဖြေရှာသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့  ပန်ဒါ ဟိုတယ်မှာ ယမန်နေ့ မနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။

 ဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ၂ ရက် တာ ကျင်းပသွားခြင်းဖြစ်ပါသည်။

 ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး ဒုတိယ အကြီးအကဲ Mr.Arne Jan Flolo၊ Trans National Institute မှ Mr.Tom Kramer နှင့် မြန်မာအီးဂရက် ဥက္ကဌ ဦးတင်မောင် သန်းတို့ပါ တက်ရောက် ဆွေးနွေးခဲ့ကြ သလို တိုင်းရင်း သား အဖွဲ့အစည်း (၅၇) ဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေကြ သော အဖွဲ့အစည်းများ အသီးသီးမှ ပုဂ္ဂိုလ် (၂၀၀) ခန့်တက်ရောက် ခဲ့ပါသည်ဟု သတင်း ထုတ်ပြန်ခဲ့ပါသည်။
ရခိုင်ပြည်နယ် တွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်း စစ်ဆေး မှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော် အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
Advertisement