အဖွဲ့အစည်း ဖြစ်ပေါ်လာပုံ
By Unknown-Thursday, July 29, 2010
ကန်းယန်လူမျိုးစုသည် ကရင်လူမျိုးအနွယ်၊ ကရင်နီလူမျိုးအစုတွင် ပါဝင်သည်ဟု ခံယူသည်။ အခြား တိုင်း ရင်းသား နည်းတူ ရှေးပဝေ သဏီကတည်းက ယခုမြန်မာနိုင်ငံဟု ခေါ်ဆိုသော တိုင်းပြည်တွင်
နေထိုင်း ခဲ့ကြသည့် ဌာနေတိုင်း ရင်းသားတခု ဖြစ်သည်။
နေထိုင်း ခဲ့ကြသည့် ဌာနေတိုင်း ရင်းသားတခု ဖြစ်သည်။
အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ လက်ထက်၊ စစ်အာဏာရှင်အစိုးရ၊ လက်ရှိ အစိုးရ လက်ထက်အထိ တဆက်တစပ် တည်း နေထိုင်းသော ကယန်းလူမျိုးစုကို ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်၊ နေပြည်တော် တိုင်း၊ (မန္တလေး တိုင်)ဟူ၍ အုပ်ချုပ်ရေးနယ်မြေ(၄)ခုတွင် ပိုင်းခြား သတ်မှတ်ထားခြင်းခံရသည်နှင့်အမျှ မိမိနယ်စွန်နယ် ဖျား အဖြစ် သက်ဆိုင်ရာပြည်နယ်များက သတ်မှတ်ပြီး နှစ်ရှည်လများ လစ်လျူရူထားခြင်းခံရသဖြင့် အခြားတိုင်း ရင်း သားများနှင့် နိုင်းယှဉ်လျှင် ကယန်းလူမျိုးနိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ယဉ်ကျေး မှု အစစအရာရာများစွာနိမ့်ကျနေပါသည်။
ကျဉ်းမြောင်းသောအမြင်နှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိတ်သုန်းသည့် အတွက်ကြောင့် ကယန်း လူမျိုး လူနေမှုအဆင့်အတန်းမြင့်တင်ရန် အထူးအခက်အခဲ အဟန့်အတား ဖြစ်စေသည်၊ တဆက်တစပ်တည်း နေ ထိုင်လျက်ရှိသော ကယန်းလူမျိုးစုကိုအုပ်ချုပ်ရေးနယ်မြေတခုတွင်းသတ်မှတ်ပေးရန် ခေတ် အဆက်ဆက်မှ ကယန်းလူထုကတောင်းဆိုပြီး လူထုလှုပ်ရှားမှု ဦးဆောင်နေသော ကယန်းပြည်သစ်ပါတီပေါ်ပေါက် လာခဲ့ပြီး (၁၉၈၈)နောက်ပိုင်းတွင် ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့တည်ထောင်ကာ (၁၉၉၀) ပြည်လုံးကျွတ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ဖယ်ခုံ မဲဆန္ဒနယ်၊ ကယားပြည် နယ် (ကရင်နီပြည်နယ်) လွိုင်ကော်နှင့် ဒီမောဆိုမဲဆန္ဒနယ်၊ ကရင်ပြည်နယ်သံတောင်မြောက်ပိုင်း မဲဆန္ဒ နယ်တို့သည် ကယန်းအမျိုးသားကိုယ်စားလှယ်များသာ အနိုင်ရရှိခဲ့သည်။
(၂၀၁၀)ခုနှစ်တွင်မှာလည်း ကယန်းအမျိုးသားပါတီဆိုပြီး ပေါ်ပေါက်ခဲ့သည်ကို ရှုမြင်သုံးခြင်းအားဖြင့်သပ် လျှင် ကယန်းလူထုသည် စစ်မှန်းသောဆန္ဒသဘောထား တောင်းဆိုချက်ကို ပေါ်လွင်ပြီး ရှင်းလင်းစွာ သိမြင် တွေ့ရှိ နိုင်သည်။
ကယန်းတိုင်းရင်းသားများသည် ကောင်းသည့်ဘက်၌ ပြည်သူလူထုအများစုကြီးအတွက် အမြဲတမ်းရပ် တည်ပြီး မ ကောင်းသည့်ဘက်၊ မကောင်းသည့်စနစ်၊ မကောင်းသည့်လူတစ်စုကို အမြဲတမ်းဆန့်ကျင်းမည့် လူမျိုးများဖြစ်သည်။
သို့ဖြစ်ပါ၍ ခေတ်အဆက်ဆက်မှသော်လည်းကောင်း၊ ယနေ့ကာလသော်လည်းကောင်း ကယန်းလူထု တရပ်လုံး. လိုလားတောင့်တလျက်ရှိသော-
၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကယန်းဒေသ ဖေါ်ထုတ်ရေးး။
၂) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးထွန်းကားရေး။
၃) စစ်မှန်သောအမျိုးသားတန်းတူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။
၎) မှူးယစ်ဆေးဝါး အန္တာရာယ် ဆန့်ကျင်တိုက်ဖျက်ရေး။
၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကယန်းဒေသ ဖေါ်ထုတ်ရေးး။
၂) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးထွန်းကားရေး။
၃) စစ်မှန်သောအမျိုးသားတန်းတူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။
၎) မှူးယစ်ဆေးဝါး အန္တာရာယ် ဆန့်ကျင်တိုက်ဖျက်ရေး။
စသည်ဖြင့် ကယန်းအမျိုးသားမျှော်မှန်းထားသော ဦးတည်ချက်များကို အောင်မြင်ရန်အလို့ငှာ အုပ်တချပ်သဲ တပွင့်အဖြစ် ပါဝင်လုပ်ဆောင်နိုင်ရန်အတွက် KSYA ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါသည်။
KSYA အား ဖွဲ့စည်းရခြင်းမှာ ကယန်းဒေသအတွင်း ကောင်းမွန်သောဒေသန္တရအုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥ ပဒေ စိုးမိုးရေးနှင့်တရားမျှတမှုရှိရေးတို့ကို အုတ်မြစ်ချနိုင်မည့် ကောင်းမွန်သောအသွင် ကူးပြောင်းရေးကာလ တခုပေါ်ထွန်း လာရေးအတွက် စည်းလုံးညီညွတ်သော ကျောင်းသားနှင့်လူငယ်များတို့၏ စွမ်းအားဖြင့် ၀ိုင်းဝန်းကြိုးပမ်းသွားရန် လည်းဖြစ်ပါသည်။
ထို့ပြင် ကျောင်းသားလူငယ်များ၏ ဦးဆောင်မှုအခန်းကဏ္ဍဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုပိုမို အား ကောင်း လာစေရေးအတွက် လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည့်အပြင် ကယန်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသပေါ်ထွန်းရေး လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ကျောင်းသားနှင့်လူငယ်များ၏ အမြင်သဘောထားများ ထင်ဟပ် စေရန်တို့ အတွက်ပါ ရည်ရွယ်ပါသည်။
KSYA သည် ကယန်းအမျိုးသားခေါင်းဆောင်တို့၏ လမ်းညွန်မှုများအောက်မှ စစ်မှန်သော အမျိုးသားတန်း တူဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလူငယ်အင်အားစုများ၊ ဒီမိုကရက် တစ်ကျောင်းသား နှင့် လူငယ်အင်အားစုတို့နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အောက်ပါတို့သည် ဒေသလုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (KSYA) ဖွဲ့စည်းရခြင်း၏ အရင်းခံ အကြောင်းတရားများအနက် အဓိကကျသော အကြောင်းတရားများ ဖြစ်ကြပါသည်။
·
၁။ ကယန်းအမျိုးသား နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး သမိုင်းအစဉ်အလာကောင်းများ ထိန်းသိမ်စောင့်
ရှာက်ဖို့အတွက် ခိုင်မာ ကျယ်ပြန့်သော ကယန်းကျောင်းသားနှင့်လူငယ် အင်းအားစု ရှိရန် လိုအပ်ခြင်း၊
၁။ ကယန်းအမျိုးသား နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး သမိုင်းအစဉ်အလာကောင်းများ ထိန်းသိမ်စောင့်
ရှာက်ဖို့အတွက် ခိုင်မာ ကျယ်ပြန့်သော ကယန်းကျောင်းသားနှင့်လူငယ် အင်းအားစု ရှိရန် လိုအပ်ခြင်း၊
· ၂။ ကယန်းအမျိုးသား တာဝန်ကြီး(၄)ရပ်၏ လုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် စည်းလုံးညီ ညွတ်သော ကျောင်းသားနှင့်လူငယ်အင်အား ပါဝင်မှုလိုအပ်နေခြင်း၊
· ၃။ ကယန်းအမျိုးသားစာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ဘာသာ/သာသနာ ထိန်းသိမ်းကာကွယ် မြင့် တင်ရေး လုပ်ဆောင်မှုတွင် ကျောင်းသားနှင့်လူငယ့်အလွာ ပါဝင်မှု လိုအပ်နေခြင်း၊
· ၄။ တရားမျှတမှု၊ဒေသဖွံ့ဖြိုးမှု၊အမျိုးသားစည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွင် ကျောင်းသားနှင့် လူငယ် များတို့၏ စွမ်းအားဖြင့် ပါဝင်မှုလိုအပ်နေခြင်း၊
· ၅။ မတူကွဲပြားမှုအောက်၌ နေထိုင်သော ကယန်းကျောင်းသားနှင့်လူငယ်များ အပြန်အလှန်ယုံကြည်မှု၊ စည်း လုံး ညီညွတ်မှု တည်ဆောက်ရန် လိုအပ်နေခြင်း၊
· ၆။ ကမ္ဘာ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများအား စနစ်တကျ လေ့လာသုံးသပ်ပြီး ကယန်းဒေသ ဖွံ့ဖြိုးတိုး တက်လာ ရန်လုပ်ဆောင်ဖို့ လိုအပ်ခြင်း။
၂။ အဖွဲ့အစည်းအဓိပ္ပါယ်ဖွင့်ဆိုချက်
(က) KSYA သည် ရည်မှန်းချက်အပေါ် ခံယူချက် တူညီသော ပြည်တွင်း ပြည်ပ ပညာသင်၊ အလုပ် လုပ်နေကြသော ကယန်းကျောင်းသားနှင့်လူငယ်များဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
(က) KSYA သည် ရည်မှန်းချက်အပေါ် ခံယူချက် တူညီသော ပြည်တွင်း ပြည်ပ ပညာသင်၊ အလုပ် လုပ်နေကြသော ကယန်းကျောင်းသားနှင့်လူငယ်များဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
(ခ ) KSYA သည် ဒေသအသီးသီး၊ ဘာသာအသီးသီး၊ ကယန်းမျိုးနွယ်စုဝင်အသီးသီး ကယန်းအမျိုးသား အဖွဲ့အစည်း အသီးသီးတို့မှ ကယန်းလူငယ်များဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
(ဂ ) KSYA သည် နာယက ဖြစ်သော ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု ကော် မတီတို့၏ အခြေခံမူဝါဒနှင့် လမ်းညွန်မှုများ လက်ခံကျင့်သုံးသည်။
(ဃ) KSYA သည် အကြံပေးဘုတ်အဖွဲ့ဖြစ်သော ကလလတ၊ ကေအိုင်ဂျီ၊ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသမီး ခေါင်းဆောင်များတို့၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို အလေးထား ဆောင်ရွက်သည်။
( င) KSYA သည် ကျောင်းသားနှင့်လူငယ်များစုရုံးပြီး အရည်အချင်းများ မြင့်တင်ပေးကာ ကယန်းဒေသ ပညာရေး၊ ကျန်း မာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လူထုစည်းရုံး ပညာပေးရေး၊ ပူးပေါင်း
ဆောင်ရွက်ရေး၊ အင် အားဖြည့်ဆည်းပေးရေး စသည့်လုပ်ဆောင်မှုများ ဖေါ်ဆောင်သွားမည် ဖြစ်သည်။
ဆောင်ရွက်ရေး၊ အင် အားဖြည့်ဆည်းပေးရေး စသည့်လုပ်ဆောင်မှုများ ဖေါ်ဆောင်သွားမည် ဖြစ်သည်။




0 comments for "အဖွဲ့အစည်း ဖြစ်ပေါ်လာပုံ"