-
Do you need help?
ဒေသလုံးဆိုင်ရာ ကယန်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံးဖွဲ့စည်းသွားနိုင်ဖို့အတွက် ကယန်းအမျိုး သားစာ ပေးနှင့်ယဉ်ကျေးမှုကော်မတီ နာယက၊ ကယန်းပြည်သစ်ပါတီ ခေါင်းဆောင်များ၊ ကယန်းအမျိုးသား ပါတီခေါင်ဆောင်များနှင့် ကလလတ ခေါင်းဆောင်များအပါဝင် ကယန်းအမျိုးသားကျန်းမာရေးတာဝန်ခံ၊ ကယန်းဒေသဖွံ့ ဖြိုးရေး တာဝန်ခံရှိသူများတို့နှင့် ပထမအကြိမ် အောင်မြင်စွာတွေ့ဆုံနိုင်ခဲ့သည်။
သွားရောက်တွေ့ဆုံမှုမှာ ကျနော်တို့ ကယန်းကျောင်းသားနှင့်လူငယ်နှင့်ပါတ်သက်ပြီး အသင်း အဖွဲ့တစ် ရပ် ပြန် လည်နိုင်ရေးအတွက် လိုအပ်တဲ့ခေါင်စဉ်နှင့် အဖွဲ့အစည်းတည်ဆောက်သွား မည့်ပုံစံကို လူကြီး(ခေါင်းဆောင် တို့တွေနဲ့) သွားရောက်တွေ့ဆုံခဲ့ပါတယ်။ လူကြီးတို့ရဲ့ အမြင်သဘောထားများ၊ အကြံပြုချက်များကိုလည်း ကျနော်တို့ ရယူခဲ့ပါတယ်ဟု ခွန်းအားအိုင့်က ဆိုပါတယ်။
“ကယန်းရိုးရာဓလေ့၊ အမျိုးသားစာပေး ထိန်းသိမ်းမြင့်တင်နိုင်ရေးမှာဖြစ်ဖြစ်၊ ကယန်းအမျိုးသားကြီး တာဝန်ကြီး (၄)ရပ်ကို အကြောင်အထည်ဖေါ် ဆောင်ရွက်တဲ့နေရာမှာဖြစ်ဖြစ် ကျောင်းသားနှင့်လူငယ်တို့ရဲ့ အခန်းကဏ္ဍ ဟာ အင်မတန်းအရေးကြီးတဲ့အတွက် ပြန်လည် ဖွဲ့စည်းသင့်ပါတယ် ဖြတ်သန်းမှုနဲ့အတွေ့အကြုံရှိသူနှင့် သင်ရ၊ဖတ်ရလေ့လာတွေ့ရှိမှုနဲ့ပညာရှိသူတို့က ပေါင်းစပ်နိုင်ဖို့တော့ အရေးကြီးပါတယ်” ဟု ကယန်းအမျိုး သား စာပေကော်မတီ နာယက က တိုက်တွန်းအားပေးခဲ့ ပြောသည်။
မပြီးမြောက်သေးတဲ့ ကယန်းအမျိုးသားထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးဟာ ဆက်လက် ပုခုံးပြောင်း တာဝန်ယူ သွားဖို့က ကယန်းကျောင်းသား၊ လူငယ်များ တစ်ဦးချင်းစီရဲ့ နှလုံးသား၊ ဦးနှောင့်ထဲမှာ လေးလေးနက်နက် ပြင်ဆင် ထားရမည်ဖြစ်ပါတယ်။ ဒေသလုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး ဖွဲ့စည်းနိုင်ရေး အပေါ် အပြည့်အ၀ ထောက်ခံတယ်။ လိုအပ်တဲ့ အကူအညီိရှိလျှင် အချိန်မရွေး လာခဲ့ပါ၊ တတ်နိုင်သလောက် အကူအညီပေးဖို့ အဆင်သင့်ပါ။ ကြိုးစားပါ။ ဟု ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ် ဗိုလ်မှူးကြီး စောလွင်က ဆိုပါသည်။
ခေါင်းဆောင်များတို့သည် ဒေသလုံးဆိုင်ရာ ကယန်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံးဟူသော ခေါင်း စဉ်ဖြင့် ဖွဲ့စည်းသွားဖို့ထောက်ခံ အားပေးပြီး လူကြီးလူငယ် အပြန်အလနှ် အားကိုးနိုင်တဲ့နိုင်ပုံစံ၊ နှစ်သွယ်ဖြစ်မှု စနစ်မျိုး ဖြစ်ဖို့ အကြံပြုခဲ့ကြသည်။
ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ သောက်ရေ ခပ်ကျေးရွာမှာ ဧပြီလ ၁၀ ရက်နေ့က ၁၂ ကြိမ်မြောက် ကယန်း အမျိုးသားနေ့ကို ကယန်းပြည် သစ်ပါတီက ဦးစီး ကျင်းပတာ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ၊ မန္တလေး မစိုးရိမ် ကျောင်း တိုက်ဆရာတော် ဦးဝီရသူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှု အထောက်အကူပြုအဖွဲ့မှ ဦးလှသိန်း၊ ဦးခင်မောင်အေး၊ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ကယန်းပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကယန်းပြည်သစ် တပ်မတော်က အလံတင်ပွဲ အခမ်းအနားအတွင်း စစ်ရေး ခင်းကျင်းပြသခဲ့ပြီး အလံတင် လွှင့်ထူခဲ့ကြပါတယ်။
အဲ့ဒီနောက် ကယန်းပြည်သူတွေက တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တရင်းတနှီး ကပြ ဖျော်ဖြေခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေထဲက ကယန်းဒေသအတွက် ရန်ပုံငွေ လှူဒါန်းခဲ့ပြီး အသံလှိုင်းက တဆင့် လူထုကို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေ မန်းတို့၏ နောက်ပြန် မလှည့်ရေး က တိစ ကား အား ပိုမိုပီပြင်လာစေရန် မဆုတ်မနစ် ကြိုးစားသွားမည့်ဟု ကယန်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယကဆို....
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့၏ စစ်မှန်သော ဒီမိုက ရေစီနိုင် ငံတော် တည်ဆောက်ရာတွင် နောက်ပိုင်မလှည့်ရေးကတိစကား ပိုမိုမီပြင်လာစေရန် အတွက် ကယန်းတိုင်းရင်းသားများအားလုံးက ညီညီညွတ်ညွတ်နှင့် အားကုန်ထုတ်ပြီး မဆုတ်မနစ် ကြိုးပမ်း သွားမည်ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက ဦးသန်းစိုးနိုင်က ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သောက်ရေးခပ် ကျေးရွာတွင် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့၌ ကျင်းပခဲ့သော ကယန်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
လေးပိုင်းရှိတဲ့ ကယန်း။
ကယန်းဒေသသည် နယ်နိမိတ် သတ်မှတ်ချက်အရ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း မှာ (၄)ပိုင်း (၄)နယ်အဖြစ်တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံလွတ် လပ်ရေးရရှိခဲ့သည်မှာ (၆၈)နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း မိမိတို့ ဒေသသည် လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့ ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်ထားရှိခဲ့သည့်အတိုင်း တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံရေး ပြဿနာဟောင်းနေဆဲ။
ယနေ့အခြေအနေများနှင့်ပတ်သက်၍လည်း ဦးသန်းစိုးနိုင်က ၂၁ ရာစုဟာ ဆယ်စုနှစ်တစ်ခု ကျော် လွန်ခဲ့ပါပြီး၊ ကမ္ဘာ့အခင်းအကျင်းကလည်း အသစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြုပြင် ပြောင်းလဲမှု တွေအသစ်ပေါ်ပေါက်လာပါပြီး၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေက အဟောင်းပဲဖြစ် ပါတယ်။ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ပေမယ့်လည်း ပီပြင်တဲ့ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင် ရေး၊ တနည်းအားဖြင့် ပြည်သူ့ဆန္ဒကို လေးစားနာခံရေးနဲ့ ပီပြင်တဲ့ ပြည်ထောင်စုစစ်စစ် တည် ဆောက်ရေး တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုတဲ့ အခြေခံနိုင်ငံရေး ပြဿနာတွေ ဟာ မဖြေရှင်းနိုင်သေးပဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ တန်တူရည်တူ စိတ်ရှည်လက်ရှည်နဲ့ ပွင့်ပွင့်လင်း လင်း ဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းတွေကို ပစ်ပယ်ထားသရွှေ့၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးမှုဟာ အပေါ်ယံ ကျနေသေးသရွေ့တော့ နိုင်ငံရေးပြဿနာတွေဟာ ပြောလည်မှာ မဟုတ်ပါဘူး။ ရှိနှင့်ပြီး နိုင်ငံရေးပြဿနာဟောင်းတွေကို မဖြေရှင်းနိုင်တာကြောင့် ပြည်တွင်းစစ် သေနတ်သံတွေ တိုးရာကနေ ကျယ်လာတဲ့ကိစ္စ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အရေးတကြီးလိုအပ်တဲ့ကိစ္စတွေ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ် ဟု ၎င်းက ဆိုပါတယ်။
ရပ်တည်ချက်။
ကယန်းတိုင်းရင်းသားများသည် ကောင်းသည့်ဘက်၌ ပြည်သူလူထု အများစုကြီးအတွက် အမြဲတမ်း ရပ်တည်ပြီး မကောင်းသည့်ဘက်၊ မကောင်းသည့်စနစ်၊ မကောင်းသည့်လူတစ်စုကို အမြဲတမ်း ဆန့် ကျင်းမည့် လူမျိုးများများဖြစ်ကြောင်း ကယန်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာခဲ့သော တိုင်းရင်းသား မျိုးနွယ်စု အကြီးအကဲများက ဆိုသည်။
တာဝန်ကြီး (၄)ရပ်။
ထိုနေ့ အခမ်းအနားကို ကယန်းလူမျိုးများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် အစစ်အမှန် ဖေါ်ဆောင် ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကယန်းဒေသပေါ်ထွန်းရေး၊ မှူးယစ်ဆေးဝါးအန္တာရာယ် တားဆီးတိုက် ဖျက်ရေးဆိုသည့် ကယန်းအမျိုးသားရေးတာဝန်ကြီး(၄)ရပ်ကို ကယန်းအမျိုးသားထုတစ်ရပ်လုံးက ၀ိုင်း ၀န်းကြိုးပမ်းကြရင်း ဒီနေ့ခေတ်၏ သမိုင်းပေးတာဝန်အား ကျေပွန်ရန် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောကြားခဲ့သည်။
ဧပြီလ (၁)ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးေ ကာက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲထက် လွတ် လပ်မှု ရှိသည်ဟု ကြားဖြတ်ရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့ လာခဲ့သော ဒေသလုံးဆိုင်ရာ ကယန်းကျောင်း သားနှင့်လူငယ်အစည်းအရုံး တာဝန်ခံ ခွန်းအလယ်ဆန္ဒားက ပြောပါသည်။
“နိုင်ငံတကာ စောင့်ကြည့်လေ့သူ (၁၄၉)ဦးကို ရွေးကော်ကောက်ပွဲ ကော်မရှင်က လက်ခံပေးပြီး ပြည် တွင်း ပြည်ပ သတင်းသမားတော်တော်များကိုလည်း (၅၀၀)အကွာအဝေး စောင့်ကြည့်လေ့လာခွင့်ပြုခဲ့တာ ပါတယ်။ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်လည်းရှိပါတယ်။ အဟန့်အတာ အနှောင့်အယှက် သိတ်မရှိပါဘူး။ မဲရုံ အချို့တွေ မှာ မဲမသာမှုရှိခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတုံးကလို ဆိုးဆိုးရွားရွားကြီးတော့ မရှိပါဘူး ခင်္ဗျ။ မဲဆန္ဒရှင် တွေက မိမိဆန္ဒပြုမဲကို အေးအေးဆေးဆေးဘဲ မဲပေးနေတာ တွေ့ရပါတယ်” ဟု ဆိုပါတယ်။
အခုကျင်းပတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပေးတဲ့အ တွက် ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်မှတ်ပုံ တင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ထူးခြားပါတယ်။ ဒီအတွက် အမျိုးသားဒီမိုအဖွဲ့ချုပ်ဟာ လစ်လပ်နေရာ (၄၈) နေရာစလုံးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၁၇)ပါတီက ကိုယ်စားလှယ် စုစုပေါင်း (၁၆၀)ဦးနဲ့ တစ်သီး ပုဂ္ဂလိက (၈)ဦးဟာ မဲဆန္ဒနယ်(၄၈)နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်း ပချိန်နီးခါမှာ ကချင်ပြည်နယ် ဗန်မော်၊ မိုးကောင်း၊ ဖာကန့် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃)နေရာကို လုံခြုံ ရေးအခြေအနေအရေ ကျင်းပပေးနိုင်ခြင်း မရှိဘူးလို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက် တဲ့အတွက် နေရာ (၄၅) နေရာမှာသာ ကျင်းပနိုင်ခဲ့ပါတယ်။
ကျင်းပြီးတဲ့ရွေးကောက်ပွဲမှာ ပြည်ခိုင်းဖြိုးပါတီက (၄၅) နေရာစလုံးမှာ ယှဉ်ပြိုင်ပြီး အမျိုးသားဒီမိုအဖွဲ့ချုပ်က (၄၄)နေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရပါတယ်။ အမျိုးသားဒီမို အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ကိုယ် စားလှယ်လောင်း၏ အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခံခဲ့ရတဲ့အတွက် (၄၄)နေရာ ဖြစ်သွားပါတယ်။
နိုင်ငံတကာလေ့လာသူ (၁၄၉)ဦးနှင့် ပြည်တွင်း ပြည်ပ သတင်းသမားများ စောင့်ကြည့်လေ့လာခွင့်ရရှိပြီး အမျိုး သားဒီမျိုကရေစီ အဖွဲ့ချုပ်ပါတီက (၃၃)နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုး(၁)နေရာနှင့် ကျားဖြူပါတီ(၁)နေရာ ရရှိခဲ့သည်။
၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။ (ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့် အယှက် မပေးရ။ (ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ် များကို မတန်တ ဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ..။)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ ကူးယူသုံးစွဲခြင်းမပြုရ။
(ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)
၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့် ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့် အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။
၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ ထင်သလိုပြုလုပ်ခြင်း)
၉။ မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည် လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့် အချက်များမဖြစ်စေရန် ထည့်သွင့်စဉ်းစားရမည်။
၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ ရှောင်ကြဉ်ရခြင်းထက် ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့် ကိစ္စတစ်ခုအနေဖြင့် ရှောင်ကြဉ်ရန်ဖြစ်သည်..။

ကွန်ပျူတာလောကဟာ အလွန်ပင်ကျယ်ပြန့်ပါတယ်။ ကွန်ပျူတာကိုင် တွယ်အသုံးပြုသူတွေထဲမှာ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ဆက် အသုံးပြုမယ်ဆိုရင်ဘယ်လို လုံခြုံမှုတွေရှိအောင်ကာကွယ် မလည်း ဆိုတာကို မသိသေးသူများအတွက် ရေးသားလိုက်ပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်နိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန် အချက်များစွာရှိပါတယ်..။
၁။အသုံးပြုနေသော operating system windows နှင့် Office Software တို့ကို update ဖြစ်စေရန် မှန်မှန် check လုပ်၍ လိုအပ်ပါက Microsoft website မှတဆင့် service packs များ security patch များကို download ရယူပါ။
၂။Personal firewall တစ်ခုကို install လုပ်၍ကာကွယ် မှုပြုလုပ်ပါ။
၃။Antispyware တစ်ခုခုကို install လုပ်ထားပါ။
၎။ကွန်ပျူတာတွင် password များအသုံးပြုရာတွင် ခိုင်မာစိတ်ချရသော password များကို အသုံးပြုသင့်တယ်( letter and number)။password ကို မကြာခဏ ပြောင်းလည်းပေးပါ။
၅။Email application(Outlook,Outlook express)တို့အတွက် security update များကိုလည်း မှန်မှန်စစ်ဆေး၍ download ရယူပြီး install လုပ်ဆောင်ပေးပါ။
၆။Antivirus software တစ်ခုခုကို install လုပ်ဆောင်ထားပြီး virus definition ကို အမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ပေးပါ။
၇။ကွန်ပျုတာ၏ security ပိုင်းကို ချိန်းခြောက်နိုင်သည့် မကြခဏထွက်ပေါ်နေသော ခြိမ်းခြောက်မှု threats များကို မျက်ခြေမပြတ်ပဲ အမြဲသိရှိနိုင်ရန်အတွက် အသုံးပြုနေသော OS ထုတ်လုပ်သည့် website များမှာ မကြာခဏ သွားရောက်လေ့လာ ရှာဖွေပါ။
၈။မိမိထံရောက်ရှိလာသော Email များ စာဖိုင်များကို အလွယ်တကူ မဖတ်ရှုပဲနှင့် မည်သူ့ဆီကလာတယ် ဘာတွေလည်းဆိုတာကို သေချာလေးလေ့လာပြီးမှလုပ်ဆောင်သင့်ပါတယ်...။
အင်တာနက်ကို အသုံးပြုနေသောသူများအတွက် ထိုအချက်များကို အသေချာအလေးထားဆောင်ရွက်သွားသင့်ပါ တယ်ခင်မျာ။သို့မှသာလျှင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို စိတ်ချမ်းသာစွာနှင့်ကြာရှည်စွာ အသုံးပြုနိုင်ပါမယ်။
ကယန်းအမျိုးသား တာဝန်ကြီး(၄)ရပ်

Gallery
-
သမိုင်းအကျဉ်း ကယန်းတိုင်းရင်းသားများသည် ကောင်းသည့်ဘက်၌ ပြည်သူလူထု အများစုကြီးအတွက် အမြဲတမ်းရပ် တည်ပြီး မကောင်းသည့်ဘက်၊ မကောင်းသည့်စနစ်၊ မကေ...
-
ကန်းယန်လူမျိုးစုသည် ကရင်လူမျိုးအနွယ်၊ ကရင်နီလူမျိုးအစုတွင် ပါဝင်သည်ဟု ခံယူသည်။ အခြား တိုင်း ရင်းသား နည်းတူ ရှေးပဝေ သဏီကတည်းက ယခုမြန်မာနိုင်င...
-
ထိုင်းနိုင်ငံရောက် ကယန်း လူမျိုးတွေကို မြန်မာနိုင် ကို ပြန်ပို့ပေးဖို့ မဲဟောင်ဆောင်မှာ လုပ်တဲ့ ထိုင်း-မြန်မာ နယ်စပ် ကော်မတီ အစည်းအဝေးမှာ မြန...
-
Facebook ပေါ်တွင် အသက် နှစ်ဆယ်ကျော် မြန် မာလူငယ်တယောက်က “သူက ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်သလို၊ သူများတွေ ဒုက္ခရောက်နေတာလည်း လျစ်လျူရှုသူ၊ ...